ဖမ်းဆီးခံဗိုလ်ချုပ်ကြီးနှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှဖယ်ရှား

ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထားသည့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း စစ်ကောင်စီက ယနေ့ည ၈ နာရီသတင်းတွင် ကြေညာ

Sep 25, 2023 - 22:13
 0
ဖမ်းဆီးခံဗိုလ်ချုပ်ကြီးနှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှဖယ်ရှား
ဖမ်းဆီးခံဗိုလ်ချုပ်ကြီးနှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှဖယ်ရှား
ဖမ်းဆီးခံဗိုလ်ချုပ်ကြီးနှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှဖယ်ရှား
ဖမ်းဆီးခံဗိုလ်ချုပ်ကြီးနှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှဖယ်ရှား
ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထားသည့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း စစ်ကောင်စီက ယနေ့ည ၈ နာရီသတင်းတွင် ကြေညာခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် စစ်ခေါင်းဆောင်၏ အယုံကြည်ရဆုံး တပည့်တစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက် ရာထူးနေရာအများအပြား ရရှိခဲ့သောကြောင့် စီးပွားရေးအသိုင်းအဝိုင်းအတွင်း စူပါဗိုလ်ချုပ်ဟု ကျော်ကြားသူဖြစ်သည်။
သူသည်အာဏာသိမ်းစစ်အုပ်စုတွင် သြဇာအကြီးဆုံးဖြစ်သည့် ၁၈ ဦးပါ စစ်ကောင်စီတွင် နံပါတ် ၅ အဆင့် ဖြစ်သည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ရွှေနှင့်ငွေကြေးဈေးကွက် ထိန်းသိမ်းကြပ်မတ်ရေးကော်မတီတို့တွင် ဥက္ကဋ္ဌရာထူးများရခဲ့သည်။
သို့သော် ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးနောက် ယခုနှစ် စက်တင်ဘာလအတွင်းတွင် ယင်းရာထူးအားလုံး ဆုံးရှုံးသွားခဲ့သည်။
အာဏာသိမ်းပြီးနောက် ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီလိုလားသူ အရပ်သားနှစ်ဦးတို့ကို ကြိုးပေးကွပ်မျက်ခဲ့ရာ၌ အနီးကပ်ကြီးကြပ်ခဲ့သူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည်လည်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။
ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို စစ်ဘက်သို့ ပြန်လည်ပို့ဆောင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သော်လည်း ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအကြောင်းတော့ ထည့်သွင်းကြေညာခြင်းမရှိခဲ့ပါ။
ထို့အပြင် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပေးထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးရာထူးကိုလည်း စစ်ကောင်စီက ပြန်လည်ရုတ်သိမ်းခဲ့ပြီး စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အစားထိုးခဲ့သည်။
ပြန်လည်ဖွဲ့စည်းလိုက်သည့် ၁၈ ဦးပါစစ်ကောင်စီရှိ ဖယ်ရှားခံရသည့် ဗိုလ်ချုပ်ကြီးနှစ်ဦးနေရာတွင် စစ်ခေါင်းဆောင်၏ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော နှင့် ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ ပါဝင်လာသည်။

What's Your Reaction?

like

dislike

love

funny

angry

sad

wow